မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အလွယ်တကူလက်လှမ်းမီရယူအသုံးပြုနိုင်မှု တတိယအကြိမ် အစည်းအဝေးကျင်းပ

Jan 15, 2021 | Activities

ရန်ကုန်၊ ဇန်နဝါရီ (၁)

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၉)ခုအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းကို လျာထားအခန်း (၆)ခန်းဖြင့် ဆပ်ကော်မတီ(၉)ခုမှ တာဝန်ရှိသူများနှင့် လျာထားအခန်း(၆) ဖြစ်သည့် အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု ခေါင်းစဉ်ဖြင့် တတိယအကြိမ် Online အစည်းအဝေးအား ဒီဇင်ဘာလ၊ ၂၉ ရက် အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီ တွင် စတင်ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် သတင်းအချက်အလက်၊ နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေး ဆပ်ကော်မတီ၊ ဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သတင်းအချက်အလက်၊ နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

သတင်းအချက်အလက်၊ နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး Chief of Social Policy and Child Rights Monitoring Section, UNICEF မှ နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယအကျော့ ဆွေးနွေးပွဲမှ ရရှိလာသော အကြံပြုချက်များကို ပေါင်းစပ်ထည့်သွင်းထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ (၅) နှစ်စီမံကိန်း တတိယမူကြမ်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ကို Consultant, UNICEF မှ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး ပထမအပိုင်းကို ကျင်းပပြီးစီးခဲ့သည်။

ထိုနောက် အစည်းအဝေး ဒုတိယပိုင်းကို အုပ်စုဖွဲ့ ဆွေးနွေးမှုများအတွင်း ဆောင်ရွက်ရမည့်အချက်များအား ရှင်းပြခြင်းနှင့် အုပ်စုများခွဲခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း တတိယ မူကြမ်းအပေါ် တက်ရောက်လာသူများမှ အုပ်စုအလိုက် ဆွေးနွေးအကြံပြုချက်များ ဖော်ထုတ်ခြင်း၊ အုပ်စုလိုက် ဖော်ထုတ်ရရှိလာသော အကြံပြုချက်များကို အုပ်စုကိုယ်စားလှယ်များက ပြန်လည်တင်ပြခြင်းကို ဆက်လက်ကျင်းပခဲ့သည်။

ထို့နောက် သတင်းအချက်အလက်၊ နည်းပညာနှင့် လွယ်ကူစွာ သွားလာနေထိုင်အသုံးပြုနိုင်ရေး ဆပ်ကော်မတီ၊ ဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ကျင်းပပြီးစီးခဲ့သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၉)ခုအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းကို လျာထားအခန်း (၆)ခန်းဖြင့် ဆပ်ကော်မတီ(၉)ခုမှ တာဝန်ရှိသူများနှင့် လျာထားအခန်း(၆) ဖြစ်သည့် အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု ခေါင်းစဉ်ဖြင့် တတိယအကြိမ် Online အစည်းအဝေးကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ၊ အလုပ်အမှုဆောင် ဒေါ်မြတ်မြတ်မိုးက တက်ရောက်ခဲ့သည်။

#MCF #ကွန်ပျူတာအသင်းချုပ်