အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အိုင်တီယူ) ၏ နှစ်စဉ် ကျင်းပ ပြုလုပ်သည့် “International Girls in ICT Day 2022” အခမ်းအနားကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် ပညာရေးဝန်ကြီးဌာန ၏ အခြေခံပညာဉီးစီးဌာန နှင့် ပူးပေါင်း၍ “Access and Safety” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲနှင့် နည်းပညာနှီးနှော ဖလှယ်ပွဲတစ်ရပ်ကို ၂၀၂၂ခုနှစ်၊ မေလ (၅) ရက်နေ့က Onsite / Online (Hybrid System) ဖြင့် နေပြည်တော် ပညာရေးဝန်ကြီးဌာန ၏ အဆင့်မြင့်ပညာဦးစီးဌာနအစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအားကို International Telecommunication Union(ITU) ၏ Director Ms. Bogdan-Martin ၏ International Girls in ICT Day 2022 ၏ Video Message ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် ဒုတိယဥက္ကဋ္ဌ ဦးထင်အောင်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ဖြစ်သော မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Access & Safety” ခေါင်းစဉ်နှင့်ပတ်သက်၍ နည်းပညာများအား လုံခြုံစိတ်ချမှု့ရှိအောင် အသုံးချနိုင်ရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် “Access and Safety” ခေါင်းစဉ်ဖြင့် အပြန်အလှန်စကားဝိုင်း နည်းပညာနှီးနှော ဖလှယ်ဆွေးနွေးခြင်းကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချောခင်ခင်၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း စာရင်းစစ် ဒေါ်စုစုပုလဲနှင့် CCEducare Myanmar ၏ Founder ဒေါ်ချစ်အိမ့်သူတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူ လေးများ နှင့် နည်းပညာ နှီးနှောဖလှယ် မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးကြသည့် ပညာရေးဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန တို့၏ တာဝန်ရှိ လူကြီးမင်းများ နှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်