Online National Training on ‘ Capacity Building on National Innovation Plan Development ‘
၂၀၂၀၊ နိုဝင်ဘာ(၁၃)ရက်။
နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာမူဝါဒများရေးဆွဲရာတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို စွမ်းဆောင်ရည်မြှင့်တင်ရန် ကိစ္စ။
(၁) မဲခေါင်ဒေသတွင်း လက်ရှိကြုံတွေ့နေရသော နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာမူဝါဒများရေးဆွဲရာတွင် အခက်အခဲများကို စွမ်းဆောင်ရည်မြှင့်တင်ရန်။
(၂) ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အမျိုးသား ဆန်းသစ်တီထွင်မှုဆိုင်ရာဗျူဟာများကို ပေါ်ပေါက်ရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ် အွန်လိုင်းဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒများ ဖေါ်ဆောင်ရန်။
ရှေ့ဆက်ဆောင်ရွက်သွားရမည့်ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း ညှိနှိုင်းသောအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၉း၃၀) နာရီ အချိန်တွင် Online Zoom Video Conferencing ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို Online Zoom Video Conferencing စနစ်ဖြင့် ၅ ရက် ဆက်တိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်း မှ ZOOM ဖြင့် တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)