Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲ

October 19, 2020

Myanmar Cybersecurity Month 2020 ကို ကြိုဆိုသောအားဖြင့်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် USICT Council Myanmar တို့ ပူးပေါင်း၍ သတင်းအချက်အလက် နည်းပညာခေတ်တွင် Cyber လုံခြုံရေးနည်းပညာများ တိုးတက်ပြန့်ပွားလာ စေရန်အတွက် Cybersecurity နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ခေါင်းစဉ် (၂) ရပ်ဖြင့် Online ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Panel (1) ကို “Road to National Cyber Security Framework” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Panel (2) ကို “Skills Set for Cyber Security Professionals” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ထို့အတွက် ဖိတ်ကြားထားသော Government CIO/ CTO များ၊ အစိုးရဌာနများ၊ သက်ဆိုင်ရာဌာနများနှင့် Cyber Security ကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါသည်။

တက်ရောက်လိုသူများသည် အောက်ပါ Link တွင် Registered ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ပြီး အောက်တိုဘာလ (၂၅) ရက် တနင်္ဂနွေနေ့၊ နေ့လယ် (၁:၀၀ နာရီ မှ ၄:၀၀ နာရီ) အထိ Zoom Webinar ဖြင့် တက်ရောက်ဆွေးနွေးနိုင်ပါသည်။

Registered Link >>> http://tiny.cc/MCM2020
#MyanmarCyberSecurityMonth2020

COVID-19 DONATION

မြန်မာနိုင်ငံအတွင်း Coronavirus ထိမ်းချုပ် ကုသရေးအတွက် အောက်ပါ ဌာနများသို့ အလွယ်တကူ လှူဒါန်းနိုင်ရန်အတွက် MPU တံဆိပ်ပါ ATM card, Mastercard, Visa creditcard များအသုံးပြု၍ online payment နည်းစနစ် အသုံးဖြင့် နေရာမှမထ အလွယ်တကူ လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များ အနေဖြင့် အောက်ပါဌာနများအနက် မိမိ လှူဒါန်းလိုသည့် အဖွဲ့အစည်းအမည်ကို ရွေး၍ အချိန်မရွေး ၂၄ နာရီပတ်လုံး အလွယ်တကူ ဝင်ရောက် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။

– ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
– ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး
– မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး
– ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့

ယင်းသို့ online payment ဖြင့် ဝင်ရောက် လှူဒါန်းနိုင်ရန် အောက်ပါ web site လိပ်စာလင့်ကို နှိပ်ပါ။

https://donation.mcf.org.mm