ITU Innovation Challenges 2019

Jul 26, 2019 | Competition

အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (အိုင်တီယူ) မှ ကြီးမှူး၍ “ITU Innovations Challenges 2019” ပြိုင်ပွဲကို “Digital-Change Makers Challenge 2019″၊ “Ecosystem best practice Challenge 2019” နှင့် “Smart Communication Challenge 2019” ဟူ၍ Category (၃) မျိုးပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် Challenge တစ်ခုသာလျှင် ရွေးချယ်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းပြိုင်ပွဲဝင်များမှ ဆုရရှိသူ (၁၀) ဦးအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လအစောပိုင်းတွင် ရွေးချယ် ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအနေဖြင့် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့တွင်ကျင်းပမည့် “Young ICT Leader Forum (YILF)” ဆွေးနွေးပွဲ (သို့မဟုတ်) ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တွင် ကျင်းပမည့် “ITU Telecom World 2019” ၏ Program တစ်ရပ်ဖြစ်သည့် “Innovation Ecosystem Program” အစီအစဉ်သို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားခံရမည့် အခွင့်အရေးနှင့် နိုင်ငံတကာမှ Industry Experts များ၊ Policy Makersများ၊ Technology Leader များနှင့် တွေ့ဆုံဆွေးနွေးကာ အတွေ့အကြုံများဖလှယ်သွားနိုင်မည့် အခွင့်အရေးများ ရှိမည်ဖြစ်ပါသည်။ Challenge များနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များအား http://cocreate.itu.int တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၃၁၊ ၇၊ ၂၀၁၉ နောက်ဆုံးထား၍ Final Submission ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။